• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် တီလယ်စန် တွေ့ဆုံ

(GMT+08:00) 2017-08-07 15:42:18

        ယခုလ ၆ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပသော အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အဆင့် အစည်းအဝေးများသို့ တက်ရောက်ရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလယ်စန်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက ယခုလ ၁ ရက်နေ့က တီလယ်စန်အနေနှင့် တရုတ်ပြည်ဆိုင်ရာ ပေါ်လစီများနှင့်ပတ်သက်ပြီး မိန့်ခွန်း ပြောကြားခဲ့ရာ လက်တေ့အခြေအနေနှင့်အညီ အပြုသဘောဆောင်သော သဘောထားနှင့် မဟာဗျူဟာအမျှော်အမြင် ဖော်ပြခဲ့ခြင်းအပေါ် ချီးကျူးကြောင်း ပြောကြားသည်။

   Webradio