• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု အဆင့် တိုးမြှင့်မည်ဟု ဝမ်ယိဆို

(GMT+08:00) 2017-08-07 15:13:50

ယခုလ ၆ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကျင်းပသော တရုတ်-အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အစည်းအဝေးတက်ရောက်စဉ် ဝမ်ယိက အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့် မြောက်ခြင်းကို ဂုဏ်ပြုကြောင်း၊ အာဆီယံသည် အရှေ့တောင်အာရှတွင် အရေးကြီးသော ဒေသတွင်း အဖွဲ့အစည်း ဖြစ်ပြီး အဆက်မပြတ် ဖွံ့ဖြိုးကြီးထွားလာကာ ဒေသတွင်း တပြေးညီ ဖြစ်စေရေး တိုးမြင့်ရန်နှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်ရေး ထိန်းသိမ်းကာကွယ်ရန် အရေးကြီး အင်အားတစ်ခု ဖြစ်ကြောင်း၊ အာဆီယံကို တရုတ်ပြည်၏ အိမ်နီးချင်း နိုင်ငံခြားရေး လုပ်ငန်း ဆိုင်ရာ ဦးစားပေးချက် အဖြစ် တရုတ်ပြည်က တလျှောက်လုံး ထားရှိကြောင်း၊ လာမည့် ၂၀၁၈ခုနှစ်သည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ထားရှိခဲ့သည့် ၁၅နှစ် ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ၄င်းအခွင့်ကောင်းကို ယူပြီး အဆင့်ပိုမိုမြင့်မားသည့် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုနှင့် ပိုမိုနွေးထွေးသော တရုတ်-အာဆီယံ ကံကြမ္မာ အသိုက်အဝန်းကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

 

   Webradio