• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်းသည် အာဆီယံဒေသတွင်းအတွက် ရေရှည်အကျိုးရှိဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဆို

(GMT+08:00) 2017-08-07 11:52:02

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများက ယခုလ ၆ရက်နေ့က ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ရာတွင်၊ အာဆီယံဒေသတွင် တရုတ်နိုင်ငံ၏အကျိုး သက်ရောက်မှုသည် တစ်နေ့တစ်ခြား အရေးကြီးလာပြီး တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် အာဆီယံအတွက် ရေရှည်အကျိုးရှိမည်ဟု ဖော်ပြကြကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

အနာဂတ်တွင် အာဆီယံအဖွဲ့သည် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်ဆွေးနွေးခြင်းနှင့် ကူးလူးဖလှယ်မှု ပိုမိုကျယ်ပြန့်စွာ ပြုလုပ်ပြီး စီးပွားရေးရောနှောပေါင်းစပ်ခြင်းအဆင့်ကို ဆက်လက်တိုးမြှင့်ရန် မျှော်လင့်ကြောင်း၊ ယင်းပူးတွဲကြေညာချက်၌ ဖော်ပြပါသည်။

   Webradio