• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာနီဖှတ်နှင့်တွေ့ဆုံ

(GMT+08:00) 2017-08-07 10:37:15

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ယခုလ ၆ ရက်နေ့က ဖလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ကျင်းပသော အရှေ့အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်နေစဉ်အတောအတွင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး အာနီဖှတ်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝမ်ယိက တရုတ်-မလေးရှားဆက်ဆံရေးသည် ကောင်းမွန်သောအခြေအနေတွင် ရှိနေကြောင်း၊ Belt and Road အတူတည်ဆောက်ရေးသည် တရုတ်-မလေးရှားဆက်ဆံရေးဖွံ့ဖြိုးရန် အရေးကြီးသော သမိုင်းဝင်အခွင့်အလမ်းဖြစ် ကြောင်း၊ နှစ်ဘက်တို့သည် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းရပ်များကို အတည်ပြုပြီဖြစ်ပြီး အချို့က ရလဒ်ကောင်းများလည်းရရှိနေကြောင်း ပြောကြားခဲ့သည်။

အာနီဖှတ်က မလေးရှားနိုင်ငံသည် မလေးရှား-တရုတ်ချစ်ကြည်ရေးကို ချီးကျူးမြတ်နိုးပြီး တရုတ်နိုင်ငံကို ရင်းနှီးသောမိတ်ဆွေကောင်းအဖြစ်သဘောထားကြောင်း ပြောကြားခဲ့သည်။း

   Webradio