• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားကို အရေးယူသည့် ရည်ရွယ်ချက်မှာ ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့စေရေး စွဲကိုင်ရန် ဖြစ်ဟု တရုတ်ဆို

(GMT+08:00) 2017-08-06 12:33:06

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ယခုလ ၅ရက်နေ့က မြောက်ကိုးရီးယား ဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ကို အတည်ပြု ပြဌာန်းရာ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ပိုမို တင်းကျပ်သော အရေးယူမှုများကို ကျင့်သုံးမည် ဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအတည်ပြုဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ် လျူကျယ်အီက မြောက်ကိုးရီးယား အပေါ် အရေးယူမှု ပြုလုပ်သည့် အခြေခံကျသော ရည်ရွယ်ချက်မှာ  ကိုးရီးယား ကျွန်းဆွယ်တွင် နျူကလီးယား ကင်းမဲ့ စေရေးနှင့် တိုင်ပင်ဆွေးနွေးခြင်းဖြင့် ကိုးရီးယား ကျွန်းဆွယ် ပြဿနာ ဖြေရှင်းရေးကို စွဲကိုင်ပြီး ကိုးရီးယား ကျွန်းဆွယ်တွင် မတည်မငြိမ်ဖြစ်မှုနှင့် တိုက်ပွဲကို ဆန့်ကျင်ရန် ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio