• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား အပေါ် အရေးယူမှုသစ် ကျင့်သုံးမည်ဟု ကုလသမဂ္ဂ ဆုံးဖြတ်

(GMT+08:00) 2017-08-06 12:32:39

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ယခုလ ၅ရက်နေ့က မြောက်ကိုးရီးယား ဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၃၇၁ကို တညီတညွတ်တည်း အတည်ပြု ပြဌာန်းရာ ဇူလိုင်လ ၄ရက်နေ့နှင့် ၂၈ရက်နေ့က မြောက်ကိုးရီးယား ပြုလုပ်ခဲ့သော တိုက်ချင်းပစ် ဒုံးခွင်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး မြောက်ကိုးရီးယားအား နျူကလီးယား လက်နက်နှင့် ဒုံးကျည် စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုကြောင်း၊ ထို့အပြင်၊ မြောက်ကိုးရီးယား နိုင်ငံ အပေါ် ပိုမို တင်းကျပ်သော အရေးယူမှုများကို ကျင့်သုံးမည် ဖြစ်ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

 

   Webradio