• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လင်ကြည် လယ်သမားများ ဒေသခံ ခရီးသွား လုပ်ငန်း တိုးတက်အောင် ဆောင်ရွက်

(GMT+08:00) 2017-08-06 12:29:46

တရုတ်ပြည် ရှီဇန့် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ လင်ကြည်မြို့ ဘာယီရပ်ကွက် ကျန်ဘားကျေးရွာသည် တရုတ် နိုင်ငံတော် လမ်းမကြီး အမှတ် ၃၁၈နှင့် နီယန်မြစ်၏ အနားမှာ တည်ရှိကြောင်း၊ ၂၀၁၀ပြည့်နှစ် အောက်တိုဘာလက ကျန်းဘား ကျေးရွာ သည် "ဇန့်ကျားလာ့" လယ်သမား နှင့်မွေးမြူရေသမားများ သမဝါယမကို တည်ထောင်ပြီး ၄င်းကျေးရွာ၏ ပထဝီ အနေအထား ဆိုင်ရာ အားသာချက်ကို အသုံးပြုကာ ဒေသခံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

ကျန်းဘားကျေးရွာ လုပ်ကိုင်ဆောင်ရွက်သော ဒေသခံ ခရီးသွားလုပ်ငန်းတွင် ဇန့်လူမျိုး အစားအသောက်များ စားသောက်ခြင်း၊ ဇန့်လူမျိုး ရိုးရာ အဆိုအကများနှင့် ရိုးရာ အားကစား ယှဉ်ပြိုင်မှုများဖြင့် တင်ဆက်ဖျော်ဖြေခြင်း၊ ဇန့်လူမျိုး ရိုးရာဓလေ့ထုံးစံများ ထိတွေ့ခံစားခြင်း စသည်တို့ ပါဝင်ကြောင်း ရေးသားဖော်ပြသည်။

၂၀၁၆ခုနှစ်က ကျန်းဘားကျေးရွာသို့ သွားရောက် လှည့်လည်ကြည့်ရှုသည့် ခရီးသည် ဦးရေမှာ ၂သောင်းကျော်ရှိပြီး ဝင်ငွေ စုစုပေါင်း ပမာဏမှာ တရုတ်ယွမ်ငွေ ၄သန်း၃သိန်း ၆သောင်းရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

   Webradio