• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ထိုင်းနိုင်ငံ 4.0"ပရိယာယ်နှင့် Belt and Road အဆိုပြုချက် လက်တွဲ ဖွံ့ဖြိုးတိုးတက်စေရေး နှီးနှောဖလှယ်ပွဲ ဘန်ကောက်တွင် ကျင်းပ

(GMT+08:00) 2017-08-05 13:18:44

ယခုလ ၄ရက်နေ့ ညနေပိုင်းက "ထိုင်းနိုင်ငံ 4.0"ပရိယာယ်နှင့် Belt and Road အဆိုပြုချက် လက်တွဲ ဖွံ့ဖြိုးတိုးတက်စေရေး နှီးနှောဖလှယ်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို ထိုင်း-တရုတ် သတင်းထောက်များ အသင်း၊ စီအာအိုင် အာရှဒေသ ဌာနချုပ်၊ တရုတ် စီးပွားရေး သတင်းအချက်အလက် အေဂျင်စီနှင့် ထိုင်းပိုးလမ်းမကြီး ရုပ်မြင်သံကြားဌာနစသည်တို့ ပူးတွဲ ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ "ထိုင်းနိုင်ငံ 4.0"ပရိယာယ်နှင့် Belt and Road အဆိုပြုချက်ကို ထိုင်းနိုင်ငံ အလွှာပေါင်းစုံက ပိုမိုသိရှိနားလည်စေရန် ဖြစ်ကြောင်း သိရသည်။

   Webradio