• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စုန့်ထောင်းနှင့် ဦးသန်းဋ္ဌေ တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-08-05 13:18:07

ယခုလ ၄ရက်နေ့က မြန်မာ နိုင်ငံတွင် ခရီးလှည့်လည်နေသော တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံခြား ဆက်ဆံရေး ဝန်ကြီးဌာန ဝန်ကြီး စုန့်ထောင်းသည် နေပြည်တော်၌ မြန်မာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦှးသန်းဋ္ဌေနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် စုန့်ထောင်က တရုတ်ပြည် အနေနှင့် မြန်မာနိုင်ငံနှင့် အတူ နှစ်နိုင်ငံ အစဉ်အလာ ချစ်ကြည်ရေးကို ဆက်ခံဖွံ့ဖြိုးစေပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် လက်တွဲ တွန်းအားပေးလိုကြောင်း ပြောကြားသည်။

ဦးသန်းဋ္ဌေက မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးသည် တရုတ်ပြည်မှ အားပေး ထောက်ခံမှုနှင့် ကူညီပံ့ပိုးမှုနှင့် ခွဲမရကြောင်း၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် တရုတ် ကွန်မြူနစ်ပါနှင့် ချစ်ကြည်ရေး ကူးလူးဖလှယ်မှုကို အလေးထားကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီ၏ ပါတီ စီမံခန့်ခွဲရေး အတွေ့အကြုံများကို နည်းယူလေ့လာရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio