• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00) 2017-08-05 13:15:45

ယခုလ ၄ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ချိန်းထားသည့် အတိုင်း ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Boris Johnsonနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ရာ ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် Boris Johnsonက ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ပြဿနာတွင် တရုတ် တရုတ်ပြည်၏ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို လွန်စွာ ချီးကျူးကြောင်း၊ ထို့အပြင်၊ လက်ရှိ ကိုးရီးယား ကျွန်းဆွယ် အခြေအနေ တင်းမာမှု အဆက်မပြတ် အရှိန်မြင့်လာခြင်း အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ ဆွေးနွေးခြင်းဖြင့် ၄င်းပြဿနာကို ဖြေရှင်းရန် ထိရောက်သော နည်းလမ်းကို အမြန်ဆုံး ရှာကြံရရှိရန် မျှော်လင့်ကြောင်း ပြောကြားသည်။

ဝမ်ယိက တရုတ်ပြည် အနေနှင့် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားစေရေး စနစ် ထိန်းသိမ်းကာကွယ်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပြီး ကိုးရီးယား ကျွန်းဆွယ် ပြဿနာ ဆိုင်ရာ လုံခြုံရေး ကောင်စီမှ အတည်ပြု ဆုံးဖြတ်ချက်ကို ဆက်လက် ဘက်စုံ တင်းကျပ်စွာ လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio