• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် အတွင်းမွန်ဂိုးဒေသ တည်ထောင်ခဲ့သည့် နှစ်၇၀အတွင်း အောင်မြင်မှုများ ရရှိ

(GMT+08:00) 2017-08-05 13:15:09

ယခုနှစ်သည် တရုတ်ပြည် အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ တည်ထောင်ခဲ့ သည့်နှစ်၇၀ပြည့်မြောက်နှစ် ဖြစ်သည်။ ယခုလ ၄ရက်နေ့က အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ် ရေးဒေသ အစိုးရ သတင်းပြန်ကြားရေးရုံးက သတင်းစာ ရှင်းလင်းပွဲ ကျင်းပရာ လွန်ခဲ့သည့် နှစ်ပေါင်း ၇၀အတွင်း အတွင်းမွန်ဂိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသား လူမျိုးစု စည်းလုံးညီညွတ်ရေး၊ ယဉ်ကျေးမှု စည်ပင်သာယာ ရေး၊ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် တိုင်းရင်းလူမျိုးစုများ၏ နေထိုင်မှု ဘဝ ချမ်းမြေ့သာယာရေး အပါအဝင် နယ်ပယ်များတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

 

   Webradio