• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်-ရုရှားဆက်ဆံမှုသည် သမိုင်းတွင်အဆိုးဝါးဆုံးဖြစ်ပြီဟု ထရန့်ပြော

(GMT+08:00) 2017-08-04 14:42:00

အမေရိကန်သမ္မတထရန့်သည် ယခုလ၃ရက်နေ့က Twitterတွင် ပို့စ်တစ်ခုတင်ခဲ့ရာ အမေရိကန်နှင့်ရုရှားနှစ်နိုင်ငံဆက်ဆံမှုသည် ​အန္တ​ရာယ်​ကြီး​မားပြီးသမိုင်းတွင် အဆိုးဝါးဆုံးသော အခြေအနေရောက်နေပြီ ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ယခုလ၂ရက်နေ့ကပင် သမ္မတထရန့်သည် ရုရှား၊ အီရန်နှင့် မြောက်ကိုးရီးယား၃နိုင်ငံကို အရေးယူရန် ဥပဒေကြမ်းအဆိုပြုချက်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio