• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစ္စရေး ဝန်ကြီးချုပ် ဂျူးလူမျိုး နေထိုင်ရာအခြေစိုက်စခန်း နေအိမ်သစ် လုပ်ငန်းစဉ် အတွက် အုတ်မြစ်ချပေးခြင်းကို ပါလက်စတိုင်း ပြစ်တင်ရှုတ်ချ

(GMT+08:00) 2017-08-04 12:29:14

ပါလက်စတိုင်းနိုင်ငံ သမ္မတရုံးသည် ယခုလ ၃ ရက်နေ့က သတင်းပြန်တမ်း ထုတ်ပြန်ပြီး အစ္စရေး ဝန်ကြီးချုပ် နေတာညာဟူးသည် ၃ ရက်နေ့က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဂျူးလူမျိုး နေထိုင်ရာ အခြေစိုက်စခန်း နေအိမ်သစ် လုပ်ငန်းစဉ် အတွက် အုတ်မြစ်ချပေး ခဲ့ခြင်းကို ပြစ်တင် ရှုတ်ချခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံ နှစ်နိုင်ငံ စီမံကိန်း ဖျက်ဆီးရာ ကျသည်ဟုလည်း ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

အစ္စရေး အစိုးရသည် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒုတိယအကြီးဆုံး ဂျူးလူမျိုး နေထိုင်ရာ အခြေစိုက်စခန်း ဖြစ်သည့် ဘေတာ အစ်လစ်ထ်၌ နေအိမ်တွဲ ၁၀၀၀ ကို အသစ် ဆောက်လုပ်ပေးရန် စီစဉ်သည်ဟု သတင်းရရှိပါသည်။

   Webradio