• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇန့်လူမျိုး ယဉ်ကျေးမှု၏ ရေသောက်မြစ်- ယာလူဇန်ဘူမြစ်

(GMT+08:00) 2017-08-04 10:02:11
ယာလူဇန်ဘူမြစ်သည် တရုတ်ပြည်၌ အရှည်ဆုံးသော ကုန်းပြင်မြင့်မြစ် ဖြစ်သည်။ တရုတ်ပြည် ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ ရှိသည့် ယာလူဇန်ဘူမြစ်သည် ကမ္ဘာပေါ်မှာ ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ဆုံးသော မြစ်ကြီး တစ်သွယ်လည်း ဖြစ်သည်။ ယာလူဇန်ဘူသည် ဇန့်လူမျိုး ဘာသာစကား ဖြစ်ပြီး ဘာသာပြန်ထားလျှင် တောင်ထိပ်မှ စီးဆင်းလာသော ရေဟူ အဓိပ္ပါယ် ရပါသည်။ တရုတ် ဇန့်လူမျိုးသည် ယာလူဇန်ဘူမြစ်ကို ပုခက်မြစ်နှင့် မိခင်မြစ်ဟု အမွှန်းတင် ခေါ်ဝေါ်နေကြသည်။
   Webradio