• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တူရကီသည် တရားမဝင် ပြည်ဝင်သော ဆီးရီးယားနိုင်ငံသား ၃၃ ဦးကို နှင်ထုတ်

(GMT+08:00) 2017-08-04 09:35:12

တူရကီ အာနာဒိုလူ သတင်းဌာနမှ ၃ ရက်နေ့က သတင်းအရ၊ မကြာမီက တူရကီသည် တရားမဝင် ပြည်ဝင်လာသော ဆီးရီးယားနိုင်ငံသား ၃၃ ဦးကို ချုပ်နှောင်ပြီး ဆီးရီးယားသို့ ပြန်ပို့ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြထားသည်။

၂၀၁၁ ခုနှစ် ဆီးရီးယား ပြည်တွင်း စစ်ပွဲ စတင် ဖြစ်ပွါးခဲ့သည့် နောက်ပိုင်း ဆီးရီးယား နိုင်ငံသား သန်းပေါင်းများစွာ တူရကီသို့ ဝင်ရောက် ဘေးခိုခဲ့ပြီ ဖြစ်ကြောင်း၊ တူရကီ အစိုးရမှ ထုတ်ပြန်သော စာရင်းအရ လက်ရှိအချိန်တွင် နိုင်ငံခြား ဒုက္ခသည် ၃ သန်း ကျော်သည် တူရကီ၌ နေထိုင်နေ၍ ယင်းတို့အနက် အများစုကြီးမှာ ဆီးရီးယား ဒုက္ခသည်များ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio