• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပိုင်နက်နယ်မြေ၌ နေကြသည့် အိန္ဒိယ တပ်ဖွဲ့ အမြန်ဆုံး ဆုတ်ခွါသင့်ဟု တရုတ် ပါရဂူ ဆို

(GMT+08:00) 2017-08-04 09:29:34

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အိန္ဒိယ နယ်ခြားစောင့်တပ်က တရုတ်-အိန္ဒိယ နယ်စပ်ဒေသ စစ်ကင် နယ်နိမိတ်မျဉ်းကြောင်း၌ နယ်စပ်ဖြတ်ကျော်ပြီး တရုတ် ပိုင်နက် နယ်မြေသို့ ဝင်ရောက်သည့် အဖြစ်မှန်နှင့် တရုတ်ပြည်၏ ရပ်တည်ချက် စာတမ်းကို ယခုလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းစာတမ်းတွင် အိန္ဒိယတပ်ဖွဲ့သည် ယခုအချိန်အထိ တရုတ် ပိုင်နက်နယ်မြေတွင် တရားမဝင် နေကြသည်ဟု ဖေါ်ပြထားကြောင်း၊ တရုတ် နိုင်ငံသည် သံတမန်ရေးနည်းလမ်းဖြင့် အကြိမ်ပေါင်းများစွာ အိန္ဒိယနိုင်ငံအား တည်ငြိမ်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသည် မှားယွင်းသော လုပ်ရပ်ကို ပြုပြင်ခြင်း မရှိဘဲ အထောက်အထား မရှိသော အကြောင်းရင်း အမျိုးမျိုး ရှာပြီး အိန္ဒိယ တပ်ဖွဲ့၏ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုအတွက် အကြောင်းပြချက်များ ကြံဆ တီထွင်နေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီး အာရှ ပစိဖိတ်ဒေသ သုတေသနဌာန အယ်ဒီတာအဖွဲ့ ဥက္ကဋ္ဌ ယဲ့ဟိုင်လင်က၊ ၁၈၉၀ ပြည့်နှစ်က ချုပ်ဆိုခဲ့သော တရုတ်-ဗြိတိန် အစည်းအဝေး ရှီးဇန်-အိန္ဒိယ စာချုပ်တွင် တရုတ်-အိန္ဒိယ နယ်စပ်ဒေသ စစ်ကင် နယ်နိမိတ်မျဉ်းကြောင်းကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ယင်းစာချုပ်ကို အိန္ဒိယပြည်ဘက်က အသိအမှတ် ပြုခဲ့ပြီး အကြိမ်ပေါင်းများစွာ အတည်ပြုခဲ့ကြောင်း၊ ယခု အိန္ဒိယနိုင်ငံသည် ယင်းစာချုပ်ကို လစ်လျူရှု၍ နင်းချေ နေကြောင်း၊ အိန္ဒိယ အနေနှင့် တပ်ဖွဲ့ကို နယ်နိမိတ်မျဉ်းကြောင်း၏ အိန္ဒိယပြည်ဘက်သို့ ခြွင်းချက်မဲ့ အမြန်ဆုံး ဆုတ်ခွါသင့်ကြောင်း ပြောကြားပါသည်။

   Webradio