• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိသည် တူရကီ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-04 08:48:28

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၃ ရက်နေ့က ပီကင်းမြို့၌ တူရကီ နိုင်ငံခြားရေး ဝန်ကြီး ကာဝူစအိုလူနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် တရုတ်-တူရကီ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးရေးစနစ်၏ ဒုတိယ အကြိမ် အစည်းအဝေး ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ဝမ်ယိက၊ နှစ်ဖက်တို့သည် အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီနှင့် နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးရေးစနစ် အပါအဝင် စနစ်များကို ပြည့်ပြည့်ဝဝ အသုံး ချပြီး နှစ်နိုင်ငံအကြား မဟာဗျူးဟာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တွန်းအား ပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio