• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမ အကြိမ်မြောက် တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2017-08-04 08:46:38

ပဉ္စမ အကြိမ်မြောက် တရုတ်-အလယ်အာရှ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ယခုလ ၂ ရက်နေ့က လျန်ယွင်ကမ်မြို့၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ ဝမ်ချင်မင်၊ ဥဇဘက်ကစ္စတန် ပထမ ဒုဝန်ကြီးချုပ် ရာမာတိုဗှ်၊ တာဂျစ်ကစ္စတန် ဒုဝန်ကြီးချုပ် အီဘ်ရော်ဟစ်မ်တို့သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်သည် ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု ပေါင်းကူး တံတားကို ထူထောင်ပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် စည်ပင်သာယာရေးကို လက်တွဲ တွန်းအားပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဖွင့်ပွဲအခမ်းအနား မတိုင်မီက ဝမ်ချင်မင်သည် ရာမာတိုဗှ်နှင့် အီဘ်ရော်ဟစ်မ်တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

   Webradio