• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အကြိမ်၅၀အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများကို မနီလာမြို့၌ ဖွင့်လှစ်

(GMT+08:00) 2017-08-03 15:19:48

အကြိမ်၅၀အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများကို ယခုလ၂ရက်နေ့က အာဆီယံအလှည့်ကျသဘာပတိနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ်အစည်းအဝေးများ၏ ဆောင်ပုဒ်မှာ "ပူးပေါင်း ဆောင်ရွက်မှုဖြင့် ပြောင်းလဲမှုကို တွန်းအားပေးပြီး ကမ္ဘာကြီးနှင့် ဆက်နွယ်ထားခြင်း"ဖြစ်ပြီး ယခုလ၂ရက်နေ့မှ ၈ရက်နေ့အထိ အစည်းအဝေးနှင့်လှုပ်ရှားမှုအကြိမ် ၄၀ခန့် ကျင်းပမည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတို့နှင့် သက်ဆိုင်ရာ နိုင်ငံ၂၇နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် အဆိုပါအစည်းအဝေးနှင့်လှုပ်ရှားမှုများတွင် တက်ရောက်ကြမည် ဖြစ်ကြောင်း တရုတ်သတင်းဌါနမှ သတင်းအရသိရပါသည်။

   Webradio