• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာပေါ်က အကြီးဆုံး စိုက်ပျိုးသော သစ်တော တရုတ်ပြည်တွင်ရှိ

(GMT+08:00) 2017-08-03 14:59:57

တရုတ်ပြည် ပီကင်းမြို့ မြောက်ဘက်နှင့် ကီလိုမီတာ ၂၀၀ခန့် ကွာဝေးသော ဒေသတွင် ဧရိယာ အကျယ်အဝန်း ဟက်တာ ၇သောင်း ၄ထောင် ၇ရာရှိသော သစ်တော တစ်ကွက် ရှိကြောင်း၊ ယင်းသစ်တောသည် သဘာဝ ဖြစ်လာသည် မဟုတ်ဘဲ လူများ စိုက်ပျိုးကြသည် ဖြစ်ပြီး ကမ္ဘာပေါ်က လူစိုက်ပျိုးသော ဧရိယာ အကျယ်အဝန်း အကြီးဆုံး သစ်တော ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ယင်းသစ်တောသည် ဟိုပေပြည်နယ်တွင် တည်ရှိပြီး "စိုက်ဟန်ဘ ကြည်ရှဲ့"သစ်တော ကွင်းဟုခေါ်ဝေါ်သည်။ "စိုက်ဟန်ဘ"သည် မွန်ဂိုးဘာသာနှင့် ဟန့်ဘာသာ ရောစပ်ပြီး ဘာသာမျိုး ဖြစ်ကာ "သာယာလှပသည့် မြင့်မားသော တောင်တန်း"၏အဓိပ္ပါယ် ရှိကြောင်း သိရသည်။

၁၉၆၂ခုနှစ်က တရုတ် အစိုးရသည် ဝန်ထမ်း ၃၆၉ဦး စေလွှတ်ပြီး စိုက်ဟန်ဘ ဒေသတွင် နိုင်ငံတော်ပိုင် သစ်တောကွင်းကို စတင် တည်ဆောက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်ပေါင်း ၅၀ကျော်ကြာ အပင်ပန်းခံပြီး နဂိုက သဲကန္တာရ ဖြစ်မှု ဆိုးရွားသည့် စိုက်ဟန်ဘ ဒေသသည် ယခု ဧရိယာ အကျယ်အဝန်း ဟက်တာ ၇သောင်း ၄ထောင် ၇ရာရှိသော သစ်တော ဖြစ်လာပြီ ဖြစ်ကြောင်း သိရသည်။

တရုတ် သစ်တော လုပ်ငန်း သိပ္ပံပညာ အကယ်ဒမီ အသင်းမှ စာရင်းအရ စိုက်ဟန်ဘ ကြည်ရှဲ့ သစ်တောကွင်းသည် နှစ်စဉ် ရေ အရင်းအမြစ် ထိန်းသိမ်းထားမှုနှင့် ရေသန့်စင်မှု ပမာဏမှာ ကုဗမီတာ ၁၃၇သန်း ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့ တန်ချိန် ၇သိန်း၎သောင်း၎ထောင်ကို စုတ်ပြီးတော့ အောက်စီဂျင်ဓါတ် ထုတ်လွှတ်မှု ပမာဏသည်  တစ်နှစ်တွင် လူသား ၂သန်းခန့်၏ အောက်စီဂျင်ဓါတ် အသုံးပြုမှု ပမာဏနှင့် ညီမျှကြောင်း သိရသည်။

   Webradio