• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Los Angeles မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးချုပ် သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ကင်စွမ် ပြောဆ

(GMT+08:00) 2017-08-03 13:29:56

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်သည် Los Angeles မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံးချုပ် သေနတ်ပစ်ခတ်မှု ခံရခြင်းကိစ္စနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင်၊ အမေရိကန် အနေနှင့် မှုခင်းကို အမြန်ဆုံး ဖေါ်ထုတ် ပေးရန်၊ အမေရိကန်ရှိ တရုတ် သံရုံးနှင့် ကောင်စစ်ဝန်ရုံးများနှင့် သံတမန် အရာရှိများ၏ လုံခြုံမှုကို အာမခံ ပေးရန် တောင်းဆိုခဲ့ပြီ ဖြစ်ကြောင်း ယခုလ ၃ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၁ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် မည်သူမည်ဝါ မသိရသေးသော အမျိုးသား တစ်ယောက်သည် ကောင်စစ်ဝန်ရုံးချုပ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ သေကြေ ဒဏ်ရာ ရရှိမှု မရှိကြောင်း ကင်စွမ်က ပြောဆိုခဲ့ပါသည်။

   Webradio