• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅၄ ကြိမ်မြောက် မြန်မာ ကျောက်မျက်ရတနာပြပွဲ ဖွင့်လှစ်

(GMT+08:00) 2017-08-03 10:53:12

၅၄ ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို ယခုလ ၂ ရက်နေ့က နေပြည်တော်၌ ဖွင့်လှစ်ခဲ့သည်။ ပြည်တွင်းပြည်ပမှ ကျောက်မျက်ရတနာ ကုန်သည် ၅၀၀၀ ခန့်သည် ပြပွဲတွင် ပါဝင် ခင်းကျင်းပြသကြသည်။ ယခုနှစ် ကျောက်စိမ်း ကျောင်းရိုင်းတုံး ဈေးကွက်သည် ပြန်လည် ဦးမော့လာနေသည်ဟု သက်ဆိုင်ရာ ကိန်းညွှန်းများအရ သိရပါသည်။

ယခုအကြိမ် ကျောက်မျက်ရတနာ ပြပွဲတွင် မြန်မာ ကုန်သည် ၁၄၀၀ နှင့် နိုင်ငံခြား ကုန်သည် ၃၄၀၀ ခန့်သည် မှတ်ပုံတင်ပြီး လေလံတင်ပွဲတွင် ယှဉ်ပြိုင်သွားမည် ဖြစ်ကာ ပါဝင်ယှဉ်ပြိုင်သူဦးရေမှာ လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၄၀ ရာခိုင်နှုန်းခန့် တိုးများလာသည်။ နိုင်ငံခြားကုန်သည် အများစုမှာ တရုတ်ကုန်သည်များ ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်တစ်ဦးက၊ မြန်မာအစိုးရသည် လေလံတင်ပွဲတွင် ယှဉ်ပြိုင်သူများ ပေးဆောင်ရသည့် အာမခံငွေကြေး ပမာဏကို လျှော့ချခြင်းသည် ပါဝင် ယှဉ်ပြိုင်သူဦးရေ တိုးတက်လာသည့် အဓိက အကြောင်းရင်း ဖြစ်သည်၊ အရင်က ဆိုလျှင် ယူရိုငွေ ၅ သောင်း ပေးဆောင်ရသည်။ ယခု မြန်မာ လူမျိုး ကုန်သည် တစ်ဦးလျှင် ယူရို ၁ သောင်း၊ တရုတ်ပြည်မကြီးမှ ကုန်သည် တစ်ဦးလျှင် ယူရို ၂ သောင်းသာ ပေးဆောင်ရန် လိုအပ်သည်ဟု သတင်းထောက်ကို ပြောပြသည်။

ယခုအကြိမ် ပြပွဲတွင် မြန်မာ ကျောက်စိမ်း ကျောက်ရိုင်းတုံး အတွဲ ၆၅၀၀ လေလံတင် ရောင်းချမည် ဖြစ်ပြီး သတ်မှတ်ထားသည့် အနိမ့်ဆုံး ကြမ်းခင်းဈေးမှာ ယူရိုငွေ ၄၀၀၀ ဖြစ်ပြီး အမြင့်ဆုံး ကြမ်းခင်းဈေးမှာ ယူရိုငွေ ၁၂ သန်း ဖြစ်ကြောင်း သိရပါသည်။

   Webradio