• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယန်သည် BRICS နိုင်ငံများ စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

(GMT+08:00) 2017-08-03 09:07:34

တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဝမ်ယန်သည် ယခုလ ၂ ရက်နေ့က ရှန်ဟိုင်း မြို့၌ ၇ ကြိမ်မြောက် BRICS နိုင်ငံများ စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသော နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့များမှ ခေါင်းဆောင်များနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ အဓိက တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကိုယ်စားလှယ်အဖွဲ့များမှ ခေါင်းဆောင်တို့သည် ယခုအကြိမ် စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီမှုများကို ရရှိပြီး အပြုသဘော ဆောင်သော လက်တွေ့ကျသည့် အောင်ကျိုးရလဒ်များကို ရရှိခဲ့ပြီ ဖြစ်ကြောင်း ယူဆကြပါသည်။

   Webradio