• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထျန်းကျိုး အမှတ်-၁ အာကာသယာဉ်သည် ကုဗဂြိုဟ်တု တစ်လုံး လွှတ်

(GMT+08:00) 2017-08-03 08:59:13

ယခုလ ၁ ရက်နေ့က တရုတ်ပြည် ထျန်းကျိုး အမှတ်-၁ ကုန်တင် အာကာသယာဉ်သည် ကမ္ဘာပတ် လမ်းကြောင်း၌ ကုဗဂြိုဟ်တု တစ်လုံးကို အောင်မြင်စွာ လွှတ်ခဲ့ကြောင်း၊ ထို့နောက် မြေပြင် ဝန်ထမ်းများသည် ယင်းကုဗဂြိုဟ်တုကို အောင်မြင်စွာ ဖမ်းယူခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းကုဗဂြိုဟ်တုကို ယခုနှစ် ဧပြီလ ၂၀ ရက်နေ့က ထျန်းကျိုးအမှတ်-၁ အာကာယာဉ်နှင့်အတူ လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းတွင် ၁၀၄ ရက် သိုလှောင်ထားပြီ ဖြစ်ကြောင်း၊ အဓိကတာဝန်မှာ အာကာသနည်းပညာသစ် စမ်းသပ် စိစစ်မှုများ ပြုလုပ်ရန် ဖြစ်ကြောင်း သိရပါသည်။

   Webradio