• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယတပ်ဖွဲ့ နယ်စပ်ဖြတ်ကျော်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ရပ်တည်ချက်စာတမ်း ထုတ်ပြန်

(GMT+08:00) 2017-08-03 08:49:12

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနသည် အိန္ဒိယ နယ်ခြားစောင့်တပ်က တရုတ်-အိန္ဒိယ နယ်စပ်ဒေသ စစ်ကင် နယ်နိမိတ်မျဉ်းကြောင်း၌ နယ်စပ်ဖြတ်ကျော်ပြီး တရုတ် ပိုင်နက် နယ်မြေသို့ ဝင်ရောက်သည့် အဖြစ်မှန်နှင့် တရုတ်ပြည်၏ ရပ်တည်ချက် စာတမ်းကို ယခုလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း၊ အိန္ဒိယ အစိုးရ အနေနှင့် ၁၈၉၀ ပြည့်နှစ် စာချုပ်နှင့် ယင်း စာချုပ်ပါ တရုတ်-အိန္ဒိယ နယ်နိမိတ်မျဉ်းကြောင်း သတ်မှတ်ခြင်းကို လိုက်နာရန်၊ တရုတ်ပြည်၏ နယ်မြေ အချုပ်အခြာအာဏာပိုင်ခွင့်ကို လေးစားရန်၊ နယ်စပ် ဖြတ်ကျော်သော နယ်ခြားစောင့်တပ်ကို အိန္ဒိယပြည်ဘက်သို့ အမြန်ဆုံး ဆုတ်ခွါရန်၊ ယခုအကြိမ် အရေးအခင်းကို အမြန်ဆုံး သင့်လျော်စွာ ဖြေရှင်းရန် ထပ်လောင်း တိုက်တွန်း လှုံ့ဆော်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio