• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြန်ပြည့်မြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်မှု တရုတ် အရှိန်မြှင့် တွန်းအားပေး

(GMT+08:00) 2017-08-02 16:19:31

၁၁ကြိမ်မြောက် တရုတ် ပြန်ပြည့်မြဲစွမ်းအင် နိုင်ငံတကာ ထိပ်သီး ဖိုရမ်ကို သြဂုတ်လ ၁ရက်နေ့က ပီကင်းတွင် စတင် ကျင်းပခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ သက်ဆိုင်ရာ လုပ်ငန်းများမှ ကိုယ်စားလှယ် ၅၀၀ကျော်သည် "စွမ်းအင်သစ်နှင့် ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု"နှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဖိုရမ်သို့ တက်ရောက်သူများက ဖြန့်ဖြူးရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေသော အခြေအနေမျိုးတွင် တရုတ်ပြည်သည် လေစွမ်းအင်နှင့် နေစွမ်းအင် အပါအဝင် ပြန်ပြည့်မြဲ စွမ်းအင်များ၏ နည်းပညာ ဆိုင်ရာ မဟုတ်သော ကုန်ကျစရိတ် မြင့်တက်လာခြင်းနှင့် ပြန်ပြည့်မြဲစွမ်းအင်များ ထိရောက်သော အသုံးပြုမှု မရှိခြင်း ပြဿနာများကို ဖြေရှင်းပြီး ပြန်ပြည့်မြဲစွမ်းအင် ဆက်တိုက် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးရေး အတွက် ဆောင်ရွက်ချက်များစွာ ပြုလုပ်သင့်သည်ဟု ယူဆကြောင်း ဖော်ပြသည်။

၁ရက်နေ့က ၄င်းဖိုရမ်မှ ထုတ်ပြန်ခဲ့သော "တရုတ် စွမ်းအင်သစ် လုပ်ငန်း နှစ်ပတ်လည် အစီရင်ခံစာ"တွင် ၂၀၁၆ခုနှစ်က တရုတ်ပြည်၌ အသစ်တိုးပွားလာသည့် လေအား လျှပ်စစ် ဓါတ်အားပေးစက်နှင့် နေရောင်ခြည်စွမ်းအင်နှင့် ဇီဝစွမ်းအင်(biomass energy)ဖြင့် လျှပ်စစ်ဓါတ်အားပေးစက် ပမာဏသည်  အသစ်တိုးလာသည့် လျှပ်စစ်ဓါတ်အားပေးစက် စုစုပေါင်း ပမာဏ၏ ၄၆ရာခိုင်နှုန်း ရှိကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင် နည်းပညာ လျင်မြန်စွာ တိုးတက်လာပြီး လုပ်ငန်းအင်အား သိသာထင်ရှားစွာ တိုးမြင့်လာကာ ဈေးကွက် အတိုင်းအတာလည်း အရှိန်အဟုန်ဖြင့် တိုးပွားလာကြောင်း ရေးသားဖော်ပြသည်။

တရုတ် စက်မှုနှင့် ကုန်သွယ်ရေး လုပ်ငန်း သမဂ္ဂ ဥက္ကဋ္ဌ လီဟိုကျွန်းက မကြာခင် နှစ်များက သမရိုးကျ စွမ်းအင်များ၏ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာ ၁့၅ရာခိုင်နှုန်းပင် ရှိကြောင်း၊ သို့သော် စွမ်းအင်သစ်များ၏ နှစ်စဉ် ပျမ်းမျှ တိုးတက်နှုန်းမှာတော့ ၅့၆၉ရာ ခိုင်နှုန်း ရှိကြောင်း၊ သမရိုးကျ စွမ်းအင်များ အစားထိုး စွမ်းအင်သစ် အသုံးပြုခြင်းသည် ခေတ်ရေစီးကြောင်းပင် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio