• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံအစည်းအဝေးများအတွက် ဖိလစ်ပိုင်ရဲ လုံခြုံမှုကာကွယ်ရေးအားဖြည့်ဆောင်ရွက်

(GMT+08:00) 2017-08-02 14:24:57

ယခုလ၁ရက်နေ့က ဖိလစ်ပိုင်ရဲဘက်က အာဆီယံ အစည်းအဝေးများသည် ချောမောစွာ ကျင်းပနိုင်ရန် အာမခံပေးဖို့  မနီလာမြို့တွင် ရဲတပ်ဖွဲ့ဝင်ဦးရေစုစုပေါင်း၁၃၀၀၀ကို ချထားပြီး ကြပ်မတ်မှုများတင်းကျပ်စွာ ဆောင်ရွက်နေကြောင်းဖော်ပြသည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

အာဆီယံအလှည့်ကျသဘာပတိနိုင်ငံအနေနှင့် ဖိလစ်ပိုင်နိုင်ငံသည် သြဂုတ်လ ၂ရက်နေ့မှ ၈ရက်နေ့အထိ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံဒေသတွင်း ဖိုရမ်နှင့် အာဆီယံဖွဲ့စည်းတည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်အထိမ်းအမှတ်ဆိုင်ရာ လှုပ်ရှားမှုများကို ကျင်းပမည်ဖြစ်ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

   Webradio