• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရတ်သည် လုံခြုံရေးကောင်စီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဆုံးဖြတ်ချက်မူကြမ်း တင်သွင်း

(GMT+08:00) 2017-08-02 10:39:27

အီရတ်နိုင်ငံဝန်ကြီးချုပ် အာဘာဒီသည် အီရတ်နိုင်ငံက ကုလသမ္မဂလုံခြုံရေး ကောင်စီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို တင်သွင်းခဲ့ပြီး နိုင်ငံတကာမိသားစုကြီးသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးအား မလျှော့ပေါ့ရန် ပန်ကြားခဲ့သည်ဟု ယခုလ ၁ ရက်နေ့က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၉ လကြာ စစ်ရေးဆောင်ရွက်မှုပြုလုပ်ပြီးနောက် အီရတ်အစိုးရသည် ဇူလိုင်လ ၁၀ ရက်နေ့က မော်ဆိုလ်မြို့သည် ဘက်စုံလွတ်မြောက်ခဲ့ပြီး အိုင်အက်စ်၏ ယင်းမြို့အား စိုးမိုးအုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

 

   Webradio