• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇူလိုင်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အီရတ်အရပ်သား ၂၃၉ ဦး သေဆုံး ကုလဆို

(GMT+08:00) 2017-08-02 09:53:22

        ကုလသမဂ္ဂမှ အီရတ်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့က ယခုနှစ် ဇူလိုင်လအတွင်း အီရတ်တစ်ပြည်လုံး၌ အကြမ်းဖက်မှုနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများကြောင့် အရပ်သား ၂၃၉ ဦး သေဆုံးပြီး ၂၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယခုလ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ကုလသမဂ္ဂမှ အီရတ်ဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့က ထိုနေ့တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အရပ်သားသေဆုံးမှု အများစုသည် အီရတ်မြောက်ပိုင်းဒေသရှိ နီနယ်ဗယ်ပြည်နယ်၌ ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ အစိုးရတပ်ဖွဲ့နှင့် အစွန်းရောက်လက်နက်ကိုင်အဖွဲ့ IS တို့ ယင်းပြည်နယ်ရှိ မိုစိုလ်မြို့တော်၌ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၁၂၁ ဦး သေဆုံးပြီး ၁၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

   Webradio