• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ H1N1 တုတ်ကွေးရောဂါကြောင့် လူ ၁၀ ဦးသေဆုံး

(GMT+08:00) 2017-08-01 16:08:52

မြန်မာနိုင်ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ယခုလ ၃၀ ရက်နေ့က ထုတ်ပြန်ချက်အရ ယင်းအချိန်အထိ မြန်မာနိုင်ငံတစ်ပြည်လုံးမှာ A အမျိုးအစား H1N1 တုပ်ကွေးရောဂါစွဲကပ်ခံရသူဦးရေမှာ ၅၁ ဦးရှိပြီး ယင်းတို့အနက် ၁၀ ဦးသေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

မြန်မာနိုင်ငံပြည်ထောင်စုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ယခုလ ၂၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ      ဆိုးရွားသောတုပ်ကွေးရောဂါပိုးကြောင့် ဆေးရုံတက်ရောက်ဆေးကုသမှုခံရသူဦးရေမှာ ၁၈၂ ဦးရှိပြီး ယင်းတို့အနက် ၅၁ ဦးက A အမျိုးအစား H1N1တုပ်ကွေးရောဂါစွဲကပ်ခံရသူများဖြစ်ကြောင်း၊ ယခုအကြိမ် A အမျိုးအစား H1N1တုတ်ကွေးရောဂါဖြစ်ပွါးသော ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် အနောက်မြောက်ပိုင်း ချင်းပြည်နယ် ဖြစ်ကြောင်းသိရပါသည်။

   Webradio