• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား-အမေရိကန် ဆက်ဆံမှု အခက်အခဲ ကြုံတွေ့

(GMT+08:00) 2017-08-01 15:44:32

ရုရှား သမ္မတ ပူတင်က ဇူလိုင်လ ၃၀ရက်နေ့က ရုရှား ရုပ်မြင်သံကြားဌာနမှ သတင်းထောက်နှင့် တွေ့ဆုံရာတွင် ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် အရာရှိ ဦးရေ ၇၅၅ဦးကို လျှော့ချသင့်ကြောင်း၊ သို့ဖြစ်၍ အမေရိကန် နိုင်ငံ ဆိုင်ရာ ရုရှား သံတမန် အရာရှိ ဦးရေနှင့် ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် အရာရှိ ဦးရေ ညီမျှမည် ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ရုရှား နိုင်ငံ ဆိုင်ရာ အမေရိကန် သံတမန် အရာရှိ များစွာ လျှော့ချရန် ရုရှားမှ တောင်းဆိုချက် ဖော်ပြပြီး နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုသည် နောက်ထပ် အရှိန်မြင့်လာ ကြောင်း၊ ပူတင်၏ တောင်းဆိုချက်သည် မကြာခင်က အမေရိကန် လွှတ်တော်မှ ရုရှားကို အရေးယူမှု တွန်းအားပေးခြင်း အပေါ် တုံ့ပြန်မှုပင် ဖြစ်ကြောင်း၊ မကြာမီတွင် နှစ်နိုင်ငံ၏ အခြေအနေ တင်းမာမှု လျော့ပါးလာနိုင်ဖွယ်ရာ မရှိကြောင်း၊ သို့သော် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားမည် မဟုတ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ယူဆကြသည်။

လက်ရှိအချိန်က အမေရိကန် နိုင်ငံ ဆိုင်ရာ ရုရှား သံတမန် အရာရှိ ဦးရေမှာ ၄၅၅ဦး ရှိကြောင်း၊ ပူတင်၏ တောင်းဆိုချက်သည် အမေရိကန်က ရုရှား နိုင်ငံ ဆိုင်ရာ သံတမန် အရာရှိ ၇၅၅ဦး ပြန်ခိုင်းစေရန် လိုအပ်သည့် သဘောရှိကြောင်း၊ ထို့အပြင်၊ ရုရှား၏ တိုက်တာဆိုင်ရာများကို အမေရိကန် သံတမန် လုပ်ငန်းဌာနများ၏ အသုံးပြုမှုအား ကန့်သတ်မှု ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ သမ္မတ ပူတင်က ရုရှားသည် တုံ့ပြန်မှု ဆောင်ရွက်ချက် များစွာ ရှိကြောင်း၊ သို့သော် ယခု အမေရိကန် အပေါ် အခြား ကန့်သတ်ရေး ဆောင်ရွက်ချက်ကို မဆောင်ရွက်သင့်ကြောင်း ဖော်ပြသည်။

    ရုရှား သိပ္ပံပညာ အကယ်ဒမီ အသင်း အမေရိကန်နှင့် ကနေဒါ ရေးရာ သုတေသန ဌာန စစ်ရေးနှင့် နိုင်ငံရေး သုတေသန စင်တာ ဒါရိုက်တာချုပ် Vladimir Batyukက ရုရှားသည် ထရမ့် အမေရိကန် သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်းတွင် ရုရှား- အမေရိကန် ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်လာနိုင်အောင် မျှော်လင့်ခဲ့ကြောင်း၊ သို့သော် ရုရှား အပေါ် အမေရိကန်မှ အရေးယူမှု ဥပဒေ မူကြမ်းသစ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံမှု ပုံမှန် ပြန်ဖြစ်လာနိုင်ဖွယ်ရာ မရှိကြောင်း ယူဆသည်ဟု ပြောကြားသည်။

   Webradio