• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်ပြဿနာနှင့်ပတ်သက်ပြီး ရုရှားနှင့်တရုတ်ကို ကန် အကြောင်းမဲ့ ပြစ်တင်ရှုတ်ချခြင်းကို ရုရှား ပြစ်တင်

(GMT+08:00) 2017-08-01 14:18:14

        ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝက်ဆိုက်တွင် ဇူလိုင်လ ၃၁ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအချို့သည် ရုရှာနှင့် တရုတ်တို့အနေနှင့် မကြာခင်ရက်များက မြောက်ကိုးရီးယားနိုင်ငံ ဒုံးလမ်းသွား ဒုံးကျည် ပစ်လွှတ်ခြင်းကို တာဝန်ယူသင့်ဟု ဆိုခဲ့ကြောင်း၊ ယင်း ပြစ်တင်ရှုတ်ချမှုသည် အထောက်အထား လုံဝ မရှိကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းကြေညာချက်တွင် ဇူလိုင်လ ၂၈ ရက်နေ့က မြောက်ကိုးရီးယားနိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ပြီး ဒုံးလမ်းသွား ဒုံးကျည်ကို ပစ်လွှတ်ခဲ့ပြီးနောက် ရုရှားပြည်ဘက်သည် ကိုးရီးယားကျွန်းဆွယ် အခြေအနေအပေါ် စိုးရိမ်မကင်း ဖြစ်နေကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်၊ တောင်ကိုးရီးယားနှင့် ဂျပန်တို့သည် ယင်းဒေသ၌ စစ်ရေးဆောင်ရွက်မှုကို တိုးမြှင့်နေကြောင်း၊ အမေရိကန်နိုင်ငံသည် တောင်ကိုးရီးယားနိုင်ငံ၌ သာ့ဒ်စနစ်ချထားရေးကို တစ်ဆင့်တိုး ဆောင်ရွက်နေကြောင်းလည်း ဖော်ပြသည်။

   Webradio