• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် ညီလာခံ ကျင်းပ

(GMT+08:00) 2017-08-01 12:17:14

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတော်ကောင်စီနှင့် ဗဟို စစ်ရေး ကော်မရှင် တို့သည် ယခုလ ၁ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် အထိမ်းအမှတ် ညီလာခံကို ကျင်းပ ခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညီလာခံ၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က၊ တရုတ် အမျိုးသား ရှင်သန်မှုကြီး အကောင်အထည် ဖေါ်ဆောင်ရန်နှင့် တရုတ်ပြည်သူများ၏ နေထိုင်မှုဘဝ ပိုမို သာယာ ကောင်းမွန်လာရန်အတွက် ပြည်သူ့ တပ်မတော်ကို ကမ္ဘာ့ ရှေ့ပြေးစံချိန်မီ တပ်မတော်အဖြစ် ထူထောင်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော တပ်မတော် အင်တား တောင့်တင်ရေး လမ်းကြောင်း အတိုင်း ဦးလည်မသုန် ချီတက်ရေမည် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့မှ အမြဲတမ်း ကော်မတီဝင် ၇ ဦး၊ ပီကင်းမြို့ရှိ ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ၊ လုပ်ငန်း ပေါင်းစုံမှ ကိုယ်စားလှယ် စုစုပေါင်း လူ ၃၀၀၀ ခန့်သည် ယခုအကြိမ် ညီလာခံသို့ တက်ရောက် ခဲ့ကြကြောင်း သိရပါသည်။

   Webradio