• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်း တရုတ် သွင်းကုန်ပို့ကုန် ၁၉့ ၆ ရာခိုင်နှုန်း တိုးလာ

(GMT+08:00) 2017-08-01 08:48:50

လွန်ခဲ့သည့်လ ၃၁ ရက်နေ့က တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၏ သွင်းကုန်ပို့ကုန် အခြေအနေကို ရှင်းလင်း ပြောကြားခဲ့သည်။

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် သွင်းကုန် ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ဘီလီယံ ၁ သောင်း ၃၁၄၀ ရှိပြီး ၁၉့ ၆ ရာခိုင်နှုန်း တိုးလာကာ လွန်ခဲ့သည့် နှစ်နှစ် အတွင်း ကျဆင်းလာသည့် အရှိန်ကို အဆုံးသတ်လိုက်ကြောင်း၊ Belt and Road တလျှောက်မှ နိုင်ငံများနှင့် သွင်းကုန်ပို့ကုန် ပမာဏ တိုးတက်နှုန်း ထင်ရှားပြီး ယင်းတို့ အနက် အာဆီယံ၊ အိန္ဒိယ၊ ရုရှားနှင့် သွင်းကုန်ပို့ကုန် ပမာဏမှာ ၂၁့ ၉ ရာခိုင်နှုန်း၊ ၃၀့ ၎ ရာခိုင်နှုန်းနှင့် ၃၃့ ၁ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း သတင်းရရှိပါသည်။

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ချန်ခေ့မင်က၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ယွမ်ငွေ ၄၄့ ၁၅ ဘီလီယံ အသုံးပြုပြီး လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၀့ ၁ ရာခိုင်နှုန်း ကျဆင်းလာကြောင်း၊ အဆင့်မြင့် သိပ္ပံနည်းပညာနှင့် အဆင့်မြင့်နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း နယ်ပယ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသုံးပြုမှုပမာဏမှာ ၁၁ ရာခိုင်နှုန်းနှင့် ၂၀ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၏ နိုင်ငံခြား၌ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ် ၃၃၁့၁ ဘီလီယံ ရှိပြီး ၄၂့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း ရှင်းလင်းပြောကြားပါသည်။

   Webradio