• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒသမအကြိမ်မြောက် တရုတ်-အာဆီယံပညာရေးကူးလူးဖလှယ်ရေးလှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနား လျူယန်တုန်း တက်ရောက်

(GMT+08:00) 2017-07-31 14:51:30

ဒသမအကြိမ်မြောက် တရုတ်-အာဆီယံပညာရေးဆိုင်ရာ ကူးလူးဖလှယ်ရေးလှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားကို မကြာခင်က တရုတ်ပြည်ကွေ့ကျိုးပြည်နယ်ကွေ့ယန်မြို့မှာ ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်လျူယန်တုန်းက အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ဒုဝန်ကြီးချုပ်လျူယန်တုန်းက ယခုနှစ်သည် အာဆီယံအဖွဲ့ တည်ထောင်ခဲ့သည့် နှစ် ၅၀ ပြည့်မြောက်နှစ်ဖြစ်ကြောင်း၊ တရုတ်နှင့်အာဆီယံနှစ်ဖက်ဆက်ဆံမှု ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာသောကြောင့် ဒေသတွင်း အဓိပ္ပါယ်အနက်ရှိုင်းဆုံးနှင့် ရှင်သန်မှု အရှိဆုံးသော မိတ်ဖက်ဆက်ဆံမှု ဖြစ်လာကြောင်း ပြောကြားခဲ့ပါသည်။

 

   Webradio