• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေး

(GMT+08:00) 2017-07-31 14:50:31

၂၀၁၇ခုနှစ်သည် တရုတ်-အာဆီယံ ခရီးသွား ပူးပေါင်းဆောင်ရွက်ရေးနှစ် ဖြစ်ကြောင်း၊ တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ၄င်းအခွင့်ကောင်းကို ယူပြီး ခရီးသွား ပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖောင်းကို လက်တွဲ တည်ဆောက်ကြကြောင်း၊ ၄င်းပလက်ဖောင်း ဖြင့်ဒေသတွင်း ဝန်ထမ်းများ သွားလာမှု ပိုမိုလွယ်ကူစေရန် ဆောင်ရွက်ပြီး နှစ်ဖက် ခရီးသွား ပူးပေါင်းဆောင်ရွက်ရေး၏ အတိုင်းအတာ ပိုမိုကြီးမားအောင် နယ်ပယ် ပိုမိုကျယ်ပြန့်အောင် နှင့်အဆင့် ပိုမိုတိုးမြင့်အောင် တွန်းအားပေးကာ "သာယာလှပမှု စီးပွားရေး"ကို ဖန်တီး ကြမည် ဖြစ်ကြောင်း တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

မကြာခင်က တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က သတင်း ထောက်များ မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာ တရုတ်ပြည်နှင့် အာဆီယံ အကြား ခရီးသွား ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ခြင်းဖြင့် ခရီးသွား လုပ်ငန်းနှင့် အခြား သက်ဆိုင်ရာ လုပ်ငန်းများ၏ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးပြီး နှစ်ဖက် စီးပွားရေး၏ အရည်အသွေးနှင့် အကျိုးစွမ်းဆောင်မှုကို တိုးမြင့်ရန် အတွက် တွန်းအား ပေးမည်ဖြစ်ကြောင်း၊ ဒေသတွင်း နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူး ဖလှယ်ရေး ပလက်ဖောင်းများ တည်ဆောက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို ပြည်စုံစေပြီး ခရီးသွား ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချပြုလုပ်နေကြောင်းလည်း ပြောကြားသည်။

လက်ရှိအချိန်တွင် အာဆီယံသည် တရုတ် ဈေးကွက်ကို အဓိကထားပြီး "အာဆီယံ နိုင်ငံများတွင် လာရောက် ခရီးလှည့်လည်ရန်@နှစ်၅၀ပြည့် ဂုဏ်ပြုခြင်း အစီအစဉ်"ကို ပြလုပ်ပြီး ဒေသတွင်း ခရီးသွားလိုင်း ၅၀နှင့် လှုပ်ရှားမှု ၅၀ကို မိတ်ဆက် ဖြန့်ချီကာ အာဆီယံ ခရီးသွား ဆွဲဆောင်ချက်များကို ဖန်တီးနေကြောင်း သိရသည်။

   Webradio