• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော်ကို ကမ္ဘာ့ ရှေ့ပြေး အရည်အချင်းမီအောင် တည်ဆောက်ရမည်ဟု ရှီကျင့်ဖိန် လှုံ့ဆော်

(GMT+08:00) 2017-07-31 09:41:28

ယခုလ ၃၀ ရက်နေ့က ပြုလုပ်သော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရဲဝံ့သော တရုတ်ပြည်သူ့ တပ်မတော်ကို ကမ္ဘာ့ ရှေ့ပြေး အရည်အချင်း မီအောင် တည်ဆောက်ရမည်ဟု လှုံ့ဆော်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော် တစ်ရပ်လုံး အနေနှင့် ပါတီ၏ တပ်မတော် အင်အား တောင့်တင်းရေး အတွေးအခေါ်ကို နက်ရှိုင်းစွာ အကောင်အထည် ဖေါ်ဆောင်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော တပ်မတော် အင်အားတောင့်တင်းရေး လမ်းကြောင်း အတိုင်း ဦးလည်မသုန် ချီတက်ရမည် ဖြစ်ကြောင်း လှုံ့ဆော်ပါသည်။

   Webradio