• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲတွင် စစ်မြေပြင် စစ်ဆင်ရေး ထူးခြားချက် ထင်ရှား

(GMT+08:00) 2017-07-31 09:38:37

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲကို ယခုလ ၃၀ ရက်နေ့က ကျူရိဟို လေ့ကျင့်ရေးစခန်း၌ ပြုလုပ်ခဲ့သည်။ ယခုအကြိမ် စစ်ရေးပြ ချီတက်ပွဲသည် ယခုနှစ်များအတွင်း ပထမဆုံးအကြိမ် စစ်မြေပြင် အခြေအနေတွင် ပြုလုပ်ခြင်း ဖြစ်ပြီး စစ်မြေပြင် စစ်ဆင်ရေး ထူးခြားချက် ထင်ရှားပါကြောင်း သတင်းရရှိပါသည်။

စစ်မှုထမ်းများနှင့် လက်နက် တပ်ဆင်ပစ္စည်းများ အမြောက်အများကို လေ့ကျင့်ရေးစခန်းမှ စစ်ရေးပြ ချီတက်ပွဲ ပြုလုပ်ရာနေရာသို့ သွားရောက်ပြီး စစ်ရေးပြ ချီတက်ပွဲ အသွင်ပုံစံဖြင့် စစ်ဆင်ရေး လေ့ကျင့်မှုဆိုင်ရာ အောင်ကျိုးရလဒ်များကို ပြသခဲ့ကြောင်း သိရပါသည်။

   Webradio