• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲတွင် တပ်မတော် ပြုပြင်ပြောင်းလဲမှု အောင်ကျိုးရလဒ်များ ပြသ

(GMT+08:00) 2017-07-30 16:47:24

        တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲကို ၃၀ ရက်နေ့က ကျူရိဟို လေ့ကျင့်ရေးစခန်း၌ ပြုလုပ်ခဲ့သည်။ ယင်းသည် ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ် တပ်မတော် ပြုပြင်ပြောင်းလဲမှု စတင် ပြုလုပ်ခဲ့သည့် နောက်ပိုင်း ပထမဆုံး အကြိမ် စစ်ရေးပြ ချီတက်ပွဲ ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုတွင် ရရှိသော အောင်ကျိုးရလဒ်များကို ပြသနေကာ အားကောင်း ထက်မြက်သော စင်ဆင်ရေး အင်အားကို ပင်မအဖြစ် ထားသည့် ပူးတွဲ စစ်ဆင် စွမ်းအား စနစ် ဖြစ်တည်လာနေသည်ဟု ပြဆိုနေသည်။

        မျက်မှောက်ကာလ၌ တရုတ် တပ်မတော်သည် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းကို ဇောက်ချ တွန်းအား ပေးနေပြီး ရည်ရွယ်ချက်မှာ အင်အား ဖွဲ့စည်းပုံ ပိုမို ပြည့်စုံ၊ ကောင်းမွန်၊ စနစ်တကျ ဖြစ်စေရန် ဖြစ်ကြောင်း သိရပါသည်။

   Webradio