• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် တပ်မတော်သည် ကျူးကျော်လာသော ရန်သူ မှန်သမျှကို အနိုင်တိုက်နိုင်စွမ်းနှင့် အနိုင် တိုက်ရန် ယုံကြည်စိတ် ရှိသည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-07-30 14:57:44

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၃၀ ရက်နေ့က ကျူရိဟို လေ့ကျင့်ရေး စခန်း၌ စစ်ရေးပြ ချီတက်ပွဲကို ကြည့်ရှုစစ်ဆေးပြီးနောက် မိန့်ခွန်း ပြောကြားရာတွင်၊ တရုတ် တပ်မတော်သည် နိုင်ငံတော် အချုပ်အခြာအာဏာ ပိုင်ခွင့်၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အကျိုးစီးပွါးကို ထိန်းသိမ်းရန် အတွက် ကျူးကျော်လာသော ရန်သူ မှန်သမျှကို အနိုင်တိုက်နိုင်စွမ်းနှင့် အနိုင် တိုက်ရန် ယုံကြည်စိတ် ရှိသည်ဟု ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ တပ်မတော် အနေနှင့် ကွန်မြူနစ်ပါတီ၏ အကြွင်းမဲ့ ဦးဆောင်မှု ဖြစ်သည့် အရင်းခံစနစ်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ပြည်သူများကို စိတ်ရောကိုယ်ပါ အကျိုးဆောင်ပေးသော အရင်းခံ ရည်မှန်းချက်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio