• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် စစ်မြေပြင် အခြေအနေ စစ်ရေးပြ ချီတက်ပွဲ ပြုလုပ်

(GMT+08:00) 2017-07-30 14:50:27

ယခုနစ် သြဂုတ်လ ၁ ရက်နေ့သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် ဖြစ်ပြီး တရုတ် တပ်မတော်သည် ယခုလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျူရိဟို လေ့ကျင့်ရေးစခန်း၌ စစ်မြေပြင် အခြေအနေ စစ်ရေးပြ ချီတက်ပွဲကို ပြုလုပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တပ်မတော်ကို ကြည့်ရှုစစ်ဆေးပြီး၊ တရုတ် တပ်မတော်သည် နိုင်ငံတော် အချုပ်အခြာအာဏာ ပိုင်ခွင့်၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေး အကျိုးစီးပွါးကို ထိန်းသိမ်းရန် အတွက် ကျူးကျော်လာသော ရန်သူ မှန်သမျှကို အနိုင်တိုက်နိုင်စွမ်းနှင့် အနိုင် တိုက်ရန် ယုံကြည်စိတ် ရှိသည်ဟု ပြောကြားပါသည်။

စစ်ရေးပြချီတက်ပွဲ အပြီးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားသည်။ ရှီကျင့်ဖိန်က၊ မိမိတို့သည် ပါတီ၏ တပ်မတော် အင်အား တောင့်တင်းရေး အတွေးအခေါ်ကို နက်ရှိုင်းစွာ ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော တပ်မတော် အင်အား တောင့်တင်းရေး လမ်းစဉ်ကို စွဲကိုင် ရမည် ဖြစ်ကြောင်း၊ မိမိတို့၏ ရဲဝံ့သော တပ်မတော်ကို ကမ္ဘာ့ ရှေးပြေး အရည်အချင်းမီ တပ်မတော် အဖြစ် ထူထောင်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက၊ သက်ဆိုင်ရာ တပ်မတော်၏ စစ်ဆင်ရေး လေ့ကျင့်မှုသည် နှစ်ပတ်လည် လေ့ကျင့်မှု အစီအစဉ် အရ ပြုလုပ်ခြင်း ဖြစ်ပြီး အနီးပတ်ဝန်းကျင် အခြေအနေနှင့် ဆက်စပ်ခြင်း မရှိကြောင်း ပြောကြားပါသည်။

   Webradio