• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲ ကျူရိဟို လေ့ကျင့်ရေးစခန်း၌ ကျင်းပ

(GMT+08:00) 2017-07-30 10:47:18

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် တည်ထောင်သည့် နှစ် ၉၀ ပြည့် စစ်ရေးပြ ချီတက်ပွဲကို ယခုလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျူရိဟို လေ့ကျင့်ရေး အခြေစိုက်စခန်း၌ ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တပ်မတော်ကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အရေးကြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 ယင်းသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တည်ထောင်သည့် နောက်ပိုင်း ပထမဆုံးအကြိမ် တပ်မတော်နေ့ အထိမ်းအမှတ် အဖြစ် ပြုလုပ်သော စစ်ရေးပြ ချီတက်ပွဲကြီး ဖြစ်ပြီး စစ်မှုထမ်းများသည် ပါတီနှင့် ပြည်သူများ၏ စစ်ဆေး ကြည်ရှုမှု ခံကြပါသည်။

ယခုအကြိမ် စစ်ရေးပြချီတက်ပွဲတွင် စစ်မှုထမ်း တစ်သောင်းကျော် ပါဝင်ဆင်နွှဲကြသည့်အပြင် လေယာဉ် ၁၂၉ စင်းနှင့် စစ်ရေး အတပ်အဆင်ပစ္စည်း ၅၇၁ လုံး လည်း ပါဝင်ပြသကြောင်း၊ ယင်းတို့အနက် ၄၀ ရာခိုင်နှုန်းသော အမျိုးအစားသစ် စစ်ရေး အတပ်အဆင်ပစ္စည်းများသည် ပထမဆုံးအကြိမ် ပြသခြင်း ဖြစ်ကြောင်း သိရပါသည်။

ကုန်းတွင်း စစ်ဆင်နွှဲရေးတပ်ဖွဲ့၊ အထူးတပ်ဖွဲ့၊ သတင်းအချက်အလက် တပ်ဖွဲ့၊ ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့၊ ပင်လယ်ပြင် စစ်ဆင်နွှဲရေးတပ်ဖွဲ့ စသည့် တပ်ဖွဲ့များ စင်ရေးပြ ချီတက်ပွဲတွင် ပါဝင်ကြကြောင်း သတင်းရရှိပါသည်။

   Webradio