• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလဆိုင်ရာ တရုတ် ကိုယ်စားလှယ် ကုလ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် လေးရပ် တင်ပြ

(GMT+08:00) 2017-07-30 08:52:26

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဇူလိုင်လ အလှည့်ကျ သဘာပတိနိုင်ငံ တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် လျူကျယ်အီးသည် ယခုလ ၂၈ ရက်နေ့က ကုလသမဂ္ဂ အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုနှင့်ပတ်သက်ပြီး အဆိုပြုချက် လေးရပ်ကို တင်ပြခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၈ ရက်နေ့က ကျင်းပသော ကုလသမဂ္ဂ စီမံခန့်ခွဲရေးနှင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သံအမတ်ကြီးအဆင့် အစည်းအဝေးတွင် လျူကျယ်အီးက၊ ပြုပြင်ပြောင်းလဲမှုသည် ကုလသမဂ္ဂက နိုင်ငံတကာ စီမံခန့်ခွဲရေးတွင် အမြုတေကျ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်း ဆန္ဒ ပိုမို ကောင်းမွန်စွာ ပြသခြင်းအတွက် အကျိုးရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio