• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်တွင် မြန်မာ အားကစားမောင်မယ်များ လေ့ကျင့်ရေး သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

(GMT+08:00) 2017-07-27 16:27:46

"၂၀၁၇ တရုတ်-မြန်မာ အားကစား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရပ်"မှ  တရုတ်ပြည်တွင် မြန်မာ အားကစားမောင်မယ်များ လေ့ကျင့်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယခုလ ၂၆ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်းမြို့ရှိ လေ့ကျင့်ရေး အခြေခံစခန်းတွင် ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

၂၉ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာ နိုင်ငံက အောင်မြင်မှုများ ရရှိနိုင်အောင် ကူညီပံ့ပိုးသည့် အနေဖြင့် တရုတ်ပြည်သည် ၂၀၁၇ တရုတ်-မြန်မာ အားကစား နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရပ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းလုပ်ငန်းတွင် မြန်မာ နိုင်ငံ အားကစား အဖွဲ့ချုပ်မှ အားကစား မောင်မယ်၂၆၄ဦး တရုတ်ပြည်၌ ရက်ပေါင်း ၉၀ကြာ လေ့ကျင့်မှု ပြုလုပ်ခြင်း၊ တရုတ် နည်းပြဆရာ ၉ဦး မြန်မာ နိုင်ငံတွင် ရက်ပေါင်း ၂၀ကြာ နည်းပြမှု ပြုလုပ်ခြင်းနှင့် အားကစား ပြိုင်ပွဲစဉ် ၁၃ခု ဆိုင်ရာ လေ့ကျင့်ရေး ပစ္စည်း ကိရိယာများ ထောက်ပံ့ပေးခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။

 

   Webradio