• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဖိလစ်ပိုင် ဆက်ဆံမှု ဘက်စုံ ကောင်းမွန်လာ

(GMT+08:00) 2017-07-27 16:25:17

ယခုလ ၂၅ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖိလစ်ပိုင်တွင် တရားဝင် ခရီးလှည့်လည်ခဲ့ကြောင်း၊ ၄င်းခရီးစဉ်တွင် ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ရာ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်က ဖိလစ်ပိုင် အနေနှင့် တရုတ်ပြည်၏ နိုင်ငံတကာ အဆင့်နေရာနှင့် သြဇာသက်ရောက်မှု အပေါ် အလွန် အလေးထားပြီး တရုတ်ပြည်နှင့် ပိုမို နွေးထွေးသော ဆက်ဆံမှု တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

ပထမ အချက်က ယခု နှစ်နိုင်ငံတို့သည် တောင်ပင်လယ် အငြင်းပွားမှု အတားအဆီး ကိုကျော်လွှားရန် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ဖိလစ်ပိုင်  အစိုးရသည် တောင်ပင် လယ်ပြဿနာနှင့် ပတ်သက်သော မူဝါဒကို ထိန်းညှိနေကြောင်း၊ ဒုတိယ အချက်ကတော့ နှစ်နိုင်ငံတို့သည် အပြန်အလှန် အကျိုးရှိစေရေးနှင့် win-winကို စတင်ဆောင်ရွက် နေကြောင်း၊ ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါး ပြစ်မှုကျူးလွန်မှုနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် တရုတ်ပြည်မှ ကူညီပံ့ပိုးမှုပေးကြောင်း၊ "၂၁ရာစု ပင်လယ်ပြင် ပိုးလမ်းမကြီး" အတူတည်ဆောက်ရေးတွင် ဖိလစ်ပိုင်ကို မရှိမဖြစ်သော အရေးကြီး မိတ်ဖက် အဖြစ် တရုတ်ပြည် သဘောထားပြီး ဖိလစ်ပိုင်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းဖြင့်  ဖိလစ် ပိုင်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေရှည်အားကောင်းသော တွန်းအားပေးရန် မျှော်လင့်သည် ဟုဖော်ပြကြောင်း၊ ဖိလစ်ပိုင်သည် တရုတ်ပြည်မှ တင်ပြသော Belt and Road အဆိုပြုချက် နှင့်အပြန်အလှန် ဆက်သွယ်ရေး ကြံဆချက်ကို အားပေးထောက်ခံပြီး အာဆီယံ အလှည့် ကျသဘာပတိ နိုင်ငံ တာဝန် ထမ်းဆောင်စဉ်တွင် အာဆီယံ ဖွံ့ဖြိုးရေး စီမံကိန်းနှင့် Belt and Road အဆိုပြုချက်ကို နက်ရှိုင်းစွာ ညီညွတ်စေရန် တွန်းအားပေးလိုကြောင်း ဖော်ပြသည်။ တတိယအချက်က ဖိလစ်ပိုင် နိုင်ငံသည် တရုတ်ပြည်မှ စိတ်ရင်းစေတနာကို ခံစားမိကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

   Webradio