• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇"တရုတ်-အာဆီယံနေ့"လှုပ်ရှားမှု ကျင်းပ

(GMT+08:00) 2017-07-26 14:08:35
    အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို အထိမ်းအမှတ်ပြုသည့် အနေဖြင့်နှင့် တရုတ်-အာဆီယံ ယဉ်ကျေးမှု ဆိုင်ရာ ကူးလူးဖလှယ်မှု တွန်းအားပေးရန် အတွက် တရုတ်-အာဆီယံ စင်တာ၊ ပီကင်းမြို့ နိုင်ငံခြား ချစ်ကြည်ရေး အသင်းနှင့် ပီကင်းမြို့ ရှီးချင် ရပ်ကွက် အစိုးရပိုင်း ဆိုင်ရာ တာဝန်ရှိသူတို့သည် မကြာခင်က ပီကင်းယွဲ့ထန်တွင် ၂၀၁၇"တရုတ်- အာဆီယံနေ့" လှုပ်ရှားမှုကို ပူတွဲ ကျင်းပခဲ့ကြကြောင်း တရုတ်-အာဆီယံ စင်တာမှ သတင်းကို ကိုးကား၍ စီအာအိုင်က ရေးသားဖော်ပြသည်။
    တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် ခုံရူမွန့်၊ တရုတ် နိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး Soegeng Rahardjo၊ ပီကင်းမြို့ ရှီးချင်ရပ်ကွက် ဒုညွှန်ချုပ် လီယိတို့သည် ၄င်းလှုပ်ရှားမှုသို့ တက်ရောက်ပြီး အသီးသီး မိန့်ခွန်းပြောကြား ခဲ့ကြောင်း၊ ပီကင်းမြို့ နိုင်ငံခြား ချစ်ကြည်ရေး အသင်း အမြဲတမ်း ဒုဥက္ကဋ္ဌ ထျန်ယန့်၊ တရုတ် နိုင်ငံ ဆိုင်ရာ လာအို နိုင်ငံ သံအမတ်ကြီး ဝမ်ဒီ၊ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် ဇနီး၊ တရုတ် နိုင်ငံ ဆိုင်ရာ စင်ကာပူ နိုင်ငံ သံအမတ်ကြီး လောဂါလွန်၊ တရုတ် နိုင်ငံ ဆိုင်ရာ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းစသည့် နိုင်ငံများ၏ သံရုံးများ၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ ဦးစီးဌာန၊ တရုတ်နှင့် အာဆီယံ နိုင်ငံများက အလွှာပေါင်းစုံမှ ပုဂ္ဂိုလ် ၁၅၀ခန့်သည် ၄င်းလှုပ်ရှားမှုသို့ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
    တရုတ်-အာဆီယံ စင်တာ အတွင်းရေးမှူးချုပ် ယန်ရှုဖိန်က ပေးပို့သော မိန့်ခွန်းတွင် အာဆီယံ တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် အဆက်မပြတ် ဖွံ့ဖြိုးကြီးထွားလာပြီး ဒေသတွင်းနှင့် ကမ္ဘာပေါ်က အရေးကြီး အင်အား တစ်ခု ဖြစ်လာပြီ ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး အတွက် အရေးကြီးသည့် အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်နေကြောင်း ဖော်ပြသည်။
    ယခုအကြိမ် လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်၏ ဆက်ခံခြင်း နှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်ကြောင်း သိရသည်။
   Webradio