• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၇ ကြိမ်မြောက် BRICS နိုင်ငံများ စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေး ကျင်းပမည်

(GMT+08:00) 2017-07-26 09:59:09

ယခုလ ၂၅ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဝမ်ရှို့ဝင်က၊ ၇ ကြိမ်မြောက် BRICS နိုင်ငံများ စီးပွါးကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို လာမည့်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ရှန်ဟိုင်း မြို့၌ ကျင်းပမည် ဖြစ်ပြီး BRICS နိုင်ငံများမှ စီးပွါးကုန်သွယ်ရေး တာဝန်ခံ ဝန်ကြီးများနှင့် သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များသည် အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ဘက်အသီးသီးတို့သည် စံနမူနာ တင်လောက်သော အင်တာနက်မှ ပြည်ဝင်ပြည်ထွက်ဂိတ်များ ကွန်ရက် ထားရှိရန် စူးစမ်းလေ့လာရေး၊ အင်တာနက် ကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ စီးပွါးရေး နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ရေး စသည့် နယ်ပယ်များတွင် တိုးတက်မှု ရရှိနိုင်ရန် မျှော်လင့်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ ပို့ကုန် ကုန်စည်ပြပွဲ ဦးစီးပြုလုပ်မည် ဖြစ်ပြီး BRICS နိုင်ငံများ တက်ကြွစွာ ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

တရုတ်နှင့် BRICS နိုင်ငံများ စီးပွါးကုန်သွယ်မှု အခြေအနေ ကောင်းမွန်ကြောင်း၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနမှ စာရင်းအရ၊ ၂၀၁၇ ခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် BRICS နိုင်ငံများမှ တရုတ်ပြည်သို့ တင်သွင်းသော ပို့ကုန် တန်ဖိုး စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၇၀့ ၁၆ ဘီလီယံ ရှိပြီး တိုးတက်နှုန်းမှာ ၃၃့ ၆ ရာခိုင်နှုန်း ရှိကာ တရုတ်ပြည် သွင်းကုန် စုစုပေါင်း ပမာဏ၏ ၈့ ၁ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။

   Webradio