• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဝန်ကြီးချုပ် ဘာရွတ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့်တွေ့ဆုံ

(GMT+08:00) 2017-07-25 13:05:52

ထိုင်းဝန်ကြီးချုပ်ဘာရွတ်သည် ယခုလ ၂၄ ရက်နေ့က ဘန်ကောက်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဘာရွတ်က တရုတ်-ထိုင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထားရှိပြီးနောက် နှစ်နိုင်ငံဆက်ဆံမှုသည် တည်ငြိမ်စွာတိုးတက်ပြီး အောင်မြင်မှုများစွာရရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် တရုတ်ပြည်တစ်ပြည်တည်းသာရှိရေး မူကို စွဲကိုင်ပြီး ထိုင်း-တရုတ်နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုကို တစ်ဆင့်တိုးတွန်းအားပေး လိုကြောင်း ပြောကြား ပါသည်။

ဝမ်ယိက တရုတ်ခေါင်းဆောင်များသည် ထိုင်းဘုရင်နှင့်ဝန်ကြီးချူပ်ဘာရွတ်အား နှုတ်ခွန်းဆက်သခြင်းကို တစ်ဆင့်ပြောပြပြီး တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးစသည့် ဒေသနှင့်နိုင်ငံတကာရေးရာများတွင် ထိုင်းနိုင်ငံနှင့်ကူးလူး ဖလှယ်မှုကို ဆက်လက်တွန်းအားပေးလိုကြောင်းပြောကြားခဲ့သည်။
   Webradio