• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုကို လက်တွေ့ကျကျ တွန်းအားပေးသင့်ဟု ဝမ်ယိ ဆို

(GMT+08:00) 2017-07-25 09:54:26

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၂၄ ရက်နေ့က ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဘရာမူဝီနာနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 ဝမ်ယိက၊ လမ်ဆန်မြစ်- မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို ပြောနေရုံနှင့် မပြီးဘဲ လက်တွေ့ကျကျ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အနေနှင့် အခြား မဲခေါင်မြစ် တဝှမ်းမှ နိုင်ငံများနှင့်အတူ လမ်ဆန်မြစ်- မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုကို အာမခံ ပေးရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ပြောကြားပါသည်။

ဝမ်ယိက၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ အပါအဝင် မဲခေါင်မြစ် နိုင်ငံများနှင့်အတူ လမ်ဆန်မြစ်-မဲခေါင်မြစ် ပူးပေါင်းဆောင်ရွက်မှုကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း ဖြစ်လာအောင် ကြိုးပမ်းလိုပါကြောင်း ပြောကြားပါသည်။

   Webradio