• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရပ်သား ၇၀ ခန့် ပြန်ပေးဆွဲခံရပြီး ၄င်းတို့အနက် ၇ ယောက်သေဆုံးဟု အာဖဂန်ရဲဖက် အတည်ပြု

(GMT+08:00) 2017-07-24 15:24:47

        အာဖဂန် တောင်ပိုင်းဒေသ ကန်ဒါဟာပြည်နယ် ရဲဌာနမှ ပြောရေးဆိုခွင့်ရှိသူက မကြာခင်ရက်များက ဒေသခံအရပ်သား အယောက် ၇၀ ခန့် သည် လက်နက်ကိုင်သမားများ ပြန်ပေးဆွဲမှုခံရပြီး ၄င်းတို့အနက် ၇ ယောက် သေဆုံးနေပြီ ဖြစ်ကြောင်း ယခုလ ၂၃ ရက်နေ့က အတည်ပြုခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ဒေသခံများနှင့် ရဲဖက်တို့သည် တာလီဘန်က ယင်းပြန်ပေးဆွဲမှု ပြုလုပ်ခဲ့ခြင်းကို ပြစ်တင်ရှုတ်ချကြကြောင်း၊ သို့သော် မျက်မှောက်အချိန်အထိ ယင်းပြန်ပေးဆွဲမှု ပြုလုပ်ခဲ့ခြင်းကို ကြေညာသည့် အဖွဲ့အစည်း မရှိသေးကြောင်း သတင်းအရ သိရပါသည်။

   Webradio